မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား??![]()
တော်လှန်ရေးမှာ ပြည်သူတွေ တက်ညီလက်ညီ ဆက်ပြီး ပါဝင်နေတဲ့အတွက် မဖြစ်နိုင်ပါဘူးဆိုတဲ့ အရာတွေလည်း ဖြစ်ခဲ့ပါပြီ။
ဥပမာ – စင်္ကာပူနိုင်ငံက မအလတို့ကို လက်နက်ရောင်းချမှု လျော့ကျတာ၊ EU က MOGE ကို Sanction ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာ ၊ MOGE ရဲ့ဝင်ငွေတချို့ ထုတ်ယူ သုံးစွဲလို့ မရတော့တာ၊ လေယာဉ်ဆီကို အရင်လောက် အလွယ်တကူ ဝယ်လို့မရတော့တာတွေဟာ ပြည်သူတွေရဲ့ လက်မှတ်တွေ၊ အသံတွေ၊ စုစည်းမှုတွေကြောင့် ဖြစ်ပါတယ်။
ပြည်သူတွေသာ စုစည်းမှုရှိရင် ဘာမဆိုဖြစ်နိုင်ပါတယ်။
လေယာဉ်သာ ရှိပြီး လေယာဉ်ဆီ မရှိရင်
တင်ပို့တဲ့ကုမ္ပဏီသာရှိပြီး ရေကြောင်း အာမခံပေးတဲ့ ကုမ္ပဏီတွေ မရှိတော့ရင်
![]()
မြန်မာနိုင်ငံမှာ လက်ရှိ လူထုကို ဒုက္ခပေး ခြိမ်းခြောက်နေတဲ့ လေကြောင်းအန္တရာယ် လျော့ကျ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။
![]()
အင်တာနက် မရရှိနေတဲ့ဒေသက ပြည်သူတွေကလည်း မြေပြင်တောင်းဆိုမှုတွေ လုပ်နေသလို
![]()
အင်တာနက် ရရှိတဲ့ဒေသက ပြည်သူတွေအနေနဲ့ online petition (အွန်လိုင်း လက်မှတ်ထိုး) တောင်းဆိုမှုမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
သင့်လက်မှတ်နဲ့ ပြည်သူအချင်းချင်း ကာကွယ်ကြပါစို့။
သင့်လက်မှတ်နဲ့ အသက်ကယ်နိုင်ပါတယ်။
လေယာဥ်ဆီ ဖြတ်တောက်ဖို့ သဘောတူကြောင်း လက်မှတ်အရေအတွက် သိန်းချီရဖို့ လိုအပ်ပါတယ်။
ပြည်သူအချင်းချင်းကြား ပါဝင်ဖို့လည်း ထပ်မံဖြန့်ဝေ တိုက်တွန်းပေးပါအုံးနော်။
လက်မှတ်ထိုးရန် လင့်ခ် ![]()
![[ကြေညာချက်] Airbus ရှယ်ယာရှင်များ ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့ အနေဖြင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုခြင်းဖြင့် AVIC မှ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုထံသို့ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများကို ရပ်တန့်ရန် (သို့) AVIC မှ နှုတ်ထွက်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။](https://bmcmyanmar.com/wp-content/uploads/2025/07/Pg1-2-212x300.jpg)
![[Announcement] Open letter to the governments of France, Germany and Spain, shareholders of Airbus SE, calling for Airbus to use its leverage to stop AVIC’s continued transfers of aircraft and associated equipment to the criminal Myanmar military junta, or divest](https://bmcmyanmar.com/wp-content/uploads/2025/07/Pg1-1-2-212x300.jpg)
