Do More Singapore!

မိတ်ဆွေ…

မိမိလက်မှတ်ဖြင့် မိမိနိုင်ငံကို ကယ်တင်နိုင်တယ်ဆိုတာ သိပြီးပြီလား❓

ဟုတ်ပါတယ်…

ကျွန်ုပ်‌တို့ ပြည်သူလူထုတွေဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ ရရာနည်းလမ်းနဲ့ ပါဝင်နေကြပါတယ်။ ဒီနည်းလမ်းတွေထဲကမှ သက်ဆိုင်ရာနိုင်ငံတကာအစိုးရထံ လက်မှတ်ထိုးတောင်းဆိုခြင်းကလည်း ထိရောက်သည့် တော်လှန်ခြင်းတစ်မျိုးဖြစ်ပါတယ်။ အခုဆို စင်္ကာပူအစိုးရကို ပြည်သူ့လက်မှတ်များစွာနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့မှာဖြစ်ပြီး စင်္ကာပူအစိုးအနေနဲ့ စင်္ကာပူနိုင်ငံမှ မြန်မာအကြမ်းဖက်စစ်အုပ်စုကို ထောက်ပံ့နေတာတွေ ရပ်တန့်ဖို့ တောင်းဆိုမှာဖြစ်ပါတယ်။ ဒီလိုရပ်တန့်လိုက်ခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စု အမြန်ပြိုလဲမှာဖြစ်ပြီး တော်လှန်ရေးအမြန် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေ “သင့်ရဲ့အဖိုးတန်လက်မှတ်ဖြင့် သင့်နိုင်ငံကို အမြန်ဆုံး ကယ်တင်လိုက်ပါ” ✊✊✊

လက်မှတ်ထိုးရန်

https://actionnetwork.org/petitions/domoresingapore-block-the-myanmar-juntas-access-to-funds-arms-equipment-and-jet-fuel/thankyou

Scroll to Top