Reject Sham Election

ပြည်သူတွေ ညီကြလို့ အာဏာရှင်ဟာ အာဏာလုယူတဲ့ အဆင့်ကနေ ၎င်းတို့ စိတ်တိုင်းကျ အာဏာမသိမ်းနိုင်ကြောင်း အချိန်ကာလ (၅) နှစ်နီးပါးက သက်သေပြခဲ့ပြီ ဖြစ်ပါတယ်။

အခုလည်း အာဏာရှင်ဟာ ၎င်းတို့သုံးနေကျ လှည့်ကွက်အတိုင်း နိုင်ငံရေး ထွက်ပေါက်အနေနဲ့ အတုအယောင် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ မှာ ပြုလုပ်ဖို့ အသည်းအသန် ပုံဖော် လုပ်ဆောင်နေပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို အာဏာရှင်မိတ်ဖက် ရုရှား၊ တရုတ်၊ ဘယ်လားရုတ်စ်နဲ့ အာဆီယံနိုင်ငံအချို့ တို့က အားပေးအားမြှောက် ပြုလုပ်နေတာပါ။ ဒါဟာ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ နိုင်ငံတွင်းမှာ ခုထက် ပိုမို ဆိုးဝါးစွာ လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးပေးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စု ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာ အစိုးရတွေအနေနဲ့ အသိမှတ်မပြုဖို့အတွက် မြန်မာ ပြည်သူတွေ နည်းလမ်းပေါင်းစုံနဲ့ တောင်းဆိုနေကြတာပါ။

ဒီ အတုအယောင် ရွေးကောက်ပွဲဟာ မြန်မာလူထုရဲ့ ပြည်သူ့ဆန္ဒ လုံးဝ (လုံးဝ) မပါဝင်ကြောင်း နဲ့ လက်မခံကြောင်း နိုင်ငံတကာ အစိုးရတွေကို နည်းလမ်းပေါင်းစုံနဲ့ ပြောဖို့လိုပါတယ်။

ပြည်သူတယောက်ချင်းစီ အချိန် ၂ မိနစ်လောက်ပေးပြီး လက်မှတ်ထိုးပါဝင်ပေးဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။

လက်မှတ်အရေအတွက် – ၁ သိန်း

လက်မှတ်ထိုးရန်ကြာချိန် – ၂ မိနစ်

လက်မှတ်ထိုးရန် link – https://actionnetwork.org/…/reject-the-myanmar-military…

🔔လက်မှတ် ၁ သိန်းရဖို့ အတွက် မိမိကိုယ်တိုင် လက်မှတ်ထိုးပြီး ပြည်တွင်း၊ ပြည်ပက မိမိ မိတ်ဆွေ၊ သူငယ်ချင်း၊ ကွန်ယက်တွေကိုလည်း မျှဝေပေးပါအုံးနော်။

Scroll to Top