မေဒေး (နိုင်ငံတကာ အလုပ်သမားနေ့) ထုတ်ပြန်ကြေညာချက်
(၁ မေ၊ ၂၀၂၅) (၁) ယနေ့မေလ ၁ ရက်နေ့သည် မေဒေးဟုခေါ်တွင်သည့် နိုင်ငံတကာအလုပ်သမားနေ့ဖြစ်သည်။ ရုပ်ဝတ္တုဖွံ့ဖြိုးသည့်ကမ္ဘာကြီးအား ယခုတွေ့မြင်နေရသည့်အတိုင်း ထူထောင်ခဲ့ကြသလို၊ နိုင်ငံတကာတော်လှန်ရေးများနှင့် ယခုတကျော့ပြန်တော်လှန်ရေးတွင်လည်း ရှေ့တန်းမှပါဝင်ခဲ့သည့် ပြည်တွင်း၊ ပြည်ပအလုပ်သမားထုအား မိမိတို့မှချီးကျုးဂုဏ်ပြုပါသည်။ (၂) အလုပ်သမားထုသည် ဖေဖော်ဝါရီ ၆၊ ၂၀၂၁ လှည်းတန်းလှုပ်ရှားမှုအား ဦးဆောင်ခဲ့ သလို ယခုအချိန်အထိ တောင်သူလယ်သမားထု၊ အခြေခံလူတန်းစားထုနှင့်အတူ တော်လှန်ရေး ၏ အခြေခံအင်အားအဖြစ် ရုန်းကန်ပါဝင်လျှက်ရှိသည်။ စစ်အုပ်စုအနေဖြင့် တော်လှန်ရေးအ ခြေခံအင်အားထု၏ ရပ်တည်ရေးပျက်စီးရန်နှင့် လူထုလှုပ်ရှားမှုကြီးများမပေါ်ပေါက်စေရေးအတွက် နည်းမျိုးစုံဖြင့်ကြိုးပမ်းနေပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့အခြေခံအင်အားထု အထွေထွေအကျပ်အတည်းအတွင်း ရပ်တည်ကျားကန်နိုင်ရေးနှင့် လူထုလှုပ်ရှားမှုကြီးများပေါ်ပေါက်ရေးအတွက် အလေးထားလှုပ်ရှားသင့်သည်။ (၃) ယခု လုပ်ဆောင်နေသည့် ပြည်နယ်ယူနစ်ဖွဲ့စည်းပုံရေးဆွဲခြင်းများ၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်ရယူရေးလုပ်ငန်းစဉ်များတွင်လည်း အလုပ်သမားထု၏ အခန်းကဏ္ဍပါဝင်ရေးနှင့် အခြေခံရပိုင်ခွင့်များ ရရှိရေး၊ […]
မေဒေး (နိုင်ငံတကာ အလုပ်သမားနေ့) ထုတ်ပြန်ကြေညာချက် Read More »