#SanctionAviationFuel

နှစ်ဆန်းတစ်ရက်နေ့ရဲ့ လူထုတိုက်ပွဲခေါ်သံ စက္ကူလေယာဉ်သပိတ်နဲ့ ပြည်သူတစ်ရပ်လုံးပါဝင်တော်လှန်

“ မနှစ်က သင်္ကြန်အချိန်ခါ နှစ်သစ်အကူးမှာ ကလေးငယ်နဲ့ ပြည်သူ အသေအပျောက် အများဆုံးဖြစ်ခဲ့တဲ့ ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွက် ပြည်သူတစ်ရပ်လုံး ပူဆွေးသောကရောက်ခဲ့ကြတယ်။ အရွယ်မရောက်သေးတဲ့ကလေးငယ် အယောက် ၄၀ နဲ့ ကျဆုံးပြည်သူစုစုပေါင်း ၁၆၄ဦးအတွက် ရက်လည် အမျှဝေ ပေးခဲ့ရတဲ့ နှစ်ဆန်းတစ်ရက်နေ့ဟာ အခု ဧပြီလ၁၇/နှစ်ဆန်းတစ်ရက်နေ့မှာဆိုရင် တစ်နှစ်တိတိ ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ဧပြီ ၁၇/နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အုပ်စုရဲ လေကြောင်း အသုံးပြု တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအဖြစ် စက္ကူလေယာဉ်သပိတ်ကိုဖော်ဆောင်ဖို့ ရှိပါမယ်။ ပြည်တွင်း၊ ပြည်ပ လူထုအင်အားနဲ့ စက္ကူလေယာဉ်တွေကတဆင့် ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အုပ်စုကို တော်လှန်ပုန်ကန်ကြမယ် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အသက်အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ရပ်တည်တဲ့လူထုတိုက်ပွဲကို ပြုလုပ်ကြမယ် ​စစ်အုပ်စု ​လေယာဥ်ဆီ ၀ယ်ယူ

နှစ်ဆန်းတစ်ရက်နေ့ရဲ့ လူထုတိုက်ပွဲခေါ်သံ စက္ကူလေယာဉ်သပိတ်နဲ့ ပြည်သူတစ်ရပ်လုံးပါဝင်တော်လှန် Read More »

နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု လိုအပ်နေသော လေယာဉ်ဆီ

နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု လိုအပ်နေသော လေယာဉ်ဆီ ပြည်တွင်း၊ ပြည်ပ အရပ်ဘက် အဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများ၊ လူ့အခွင့်အရေး ကာကွယ်သူများ၊ သုတေသန အဖွဲ့အစည်းများ နှင့် Blood Money Campaign အပါအဝင် ကမ်ပိန်း အဖွဲ့များမှ အသိပညာပေး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ပြီးနောက်၊ လေယာဉ် အစိတ်အပိုင်းများ အပါအဝင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီ ထောက်ပံ့မှု ရပ်တန့်ရန် နိုင်ငံတကာ အသိုက်အဝန်းက ပိတ်ဆို့ အရေးယူထားသည်။ သို့သော် ထိုအရေးယူ ဒဏ်ခတ်မှုများသည် မြန်မာပြည်တွင်း ကုမ္ပဏီများကိုသာ ပိတ်ဆို့ခြင်းဖြစ်ပါသည်။ ပိတ်ဆို့အရေးယူမှုများ၏ စောင့်ကြည့်ရေး ယန္တရား နှင့် အရေးယူ ထိရောက်မှုများ အားနည်းသောကြောင့် စစ်အုပ်စု အနေဖြင့်လည်း လေယာဉ် အစိတ်အပိုင်းများနှင့် နိုင်ငံတကာမှ လေယာဉ်ဆီ ကို

နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု လိုအပ်နေသော လေယာဉ်ဆီ Read More »

A Mother’s Fear

“ကျွန်မမှာ စိတ်ဒဏ်ရာအနေနဲ့ ဘာရှိလဲဆိုတော့ ကျွန်မ သွားလေရာကို ကျွန်မသားလေးကို ခေါ်သွားချင်တယ်။ ကျွန်မသွားနေတုန်းများ ကျွန်မရှိနေတဲ့ နေရာမှာ လေကြောင်းက ကြဲလိုက်လို့ ကျွန်မ သေသွားရင် ကျွန်မသားလေးက မျက်နှာငယ်ငယ်နဲ့ လူ့လောကထဲ ကျန်ခဲ့ရမှာ။ ကျွန်မသွားနေတုန်း ကျွန်မသားလေး ရှိတဲ့နေရာမှာ ဗုံးကြဲခံရရင်လည်း တသက်လုံး ယူကြုံးမရ စိတ်ဒဏ်ရာတွေနဲ့ ကျန်ခဲ့မှာ။ ကျွန်မသွားလေရာကို ကျွန်မသားလေးကို ခေါ်သွားမှ သေရင်လည်း သားအမိ ၂ ယောက် အတူတူပဲ။” စစ်ကိုင်းမှ မိခင် ၁ ဦး “Now, I have this constant fear I want to take my son wherever I go. Because if

A Mother’s Fear Read More »

Scroll to Top