[Joint Statement] Myanmar : Four years after coup, world must demand accountability for atrocity crimes
January 31, 2025 The international community must take urgent action to ensure accountability for atrocities in Myanmar, 46 organizations said today ahead of the four-year anniversary of the 1 February 2021 military coup… To download the full statement: https://www.fortifyrights.org/downloads/Myanmar%20-%20Four%20years%20after%20coup,%20world%20must%20demand%20accountability%20for%20atrocity%20crimes.pdf?fbclid=IwY2xjawLawdFleHRuA2FlbQIxMABicmlkETFEMXZpaXRiVWpYYXdqOGt1AR7x43vpg8BMGl7YarAiQXIDtEUO6NCwUuutRFBq4LTq9rZmnukadCh9GM-ddQ_aem_s35msT-_sZCvmOEVLZwaV
(၄) နှစ်ပြည့်လာသည့် မြန်မာ့နွေဦးတော်လှန်ရေးနှင့် မဆုတ်တမ်း တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများ
အမှတ်စဉ်။ ။၂/၂၀၂၅ ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထု အပ်နှင်းထားသည့်အာဏာကို လက်နက်အားကိုးဖြင့် အာဏာရှင်ဆန်ဆန် လုယူခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာပြည်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြရင်း အာဏာရှင် စစ်အုပ်စုသည် ရက်ရက်စက်စက် အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့ကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ပြည်သူလူထုသည် အသက်အန္တရာယ်ကို ရင်ဆိုင်လျက် အာဏာရှင်နှင့် မတရားမှုများကို ကြံ့ကြံ့ခံ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့ကြသည်။ တော်လှန်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်လည်း ပြည်သူများ၏ မဲဆန္ဒ ရွေးကောက်ပွဲ ရလဒ်မှ ပေါက်ဖွားလာပြီးနွေဦးတော်လှန်ရေးကို လူမျိုးစု နယ်မြေဒေသအသီးသီးရှိ မဟာမိတ်အဖွဲ့များ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ပွဲဝင်လျက်ရှိသည်။ ယနေ့ ၂၀၂၅ ခုနှစ်၊
[ကြေညာချက်] Airbus ရှယ်ယာရှင်များ ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့ အနေဖြင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုခြင်းဖြင့် AVIC မှ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုထံသို့ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများကို ရပ်တန့်ရန် (သို့) AVIC မှ နှုတ်ထွက်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်။ [ကြေညာချက်] Airbus ရှယ်ယာရှင်များ ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့ အနေဖြင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုခြင်းဖြင့် AVIC မှ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုထံသို့ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများကို ရပ်တန့်ရန် (သို့) AVIC မှ နှုတ်ထွက်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။ သို့/ အန်တိုနီအာမန်ဒ်၊ ပြင်သစ်နိုင်ငံ၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်းနှင့် ဒီဂျစ်တယ်အချုပ်အခြာ ဝန်ကြီး။ ဂျဲန်း-နိုအယ်ဘားရော့၊ ပြင်သစ်နိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေးရာဝန်ကြီး။ ခရစ္စတီယန်လင်ဒ်နာ၊ ဂျာမဏီနိုင်ငံ၊ ဘဏ္ဍာရေးဖက်ဒရယ်ဝန်ကြီး။ ဒေါက်တာရောဘတ်ဟဘတ်၊ ဂျာမဏီနိုင်ငံ၊ စီးပွားရေးရာနှင့် ရာသီဥတုဆိုင်ရာတုံ့ပြန်ရေး ဖက်ဒရယ်ဝန်ကြီး။ အန်နလီနာဘဲဘော့၊ ဂျာမဏီနိုင်ငံ၊ နိုင်ငံခြားရေးဖက်ဒရယ်ဝန်ကြီး။
People 2 People “ပြည်သူမှ ပြည်သူသို့”
တော်လှန်ပြည်သူရဲဘော်အပေါင်းတို့ရှင့်… ဒီနှစ်ဟာဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံသူ/သား တွေရဲ့ အိမ်မက်၊ စိတ်ကူး၊ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရရုံတင်မက အသက်ရှင်သန် ရပ်တည်ဖို့ပါ ခက်ခဲခဲ့ရအောင် လုပ်ဆောင်နေတဲ့ အာဏာရူး ရာဇဝတ် လူဆိုးဂိုဏ်းတခုရဲ့ တိုင်းပြည်အာဏာကို လုယူခဲ့တာ (၄) နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဘယ်လိုပဲ ခက်ခဲ ကြမ်းတမ်းနေခဲ့ပါစေ (၄) နှစ် တိုင်အောင် မပြီးသေးတဲ့ နွေဦးတော်လှန်ရေး အပေါ် ယနေ့အထိတောင့်ခံလာတဲ့ တော်လှန်ပြည်သူရဲဘော်အပေါင်းတို့ကို အထူးလေးစားဂုဏ်ယူမိကြောင်း ပထမဆုံးအသိပေးချင်ပါတယ် 🤗 ဒီ (၄) နှစ် အတွင်းမှာလည်း ကျွန်မတို့ပြည်သူတွေအယောက်စီတိုင်းမှာ အာဏာသိမ်းဖြစ်စဥ်အပေါ် ပြင်းထန်တဲ့ခံစားချက်များ အသီးသီးရှိနေမှာ ဧကန်မုချဖြစ်ပါတယ်။ ဒီအတွက်ကြောင့် တော်လှန်ပြည်သူတစ်ဦးချင်းရဲ့ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်၊ ဖွင့်ဟပြောဆိုကြဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ ရင်တွင်းခံစားချက်များကို ထုတ်ဖော်ပြီး တစ်ယောက်ကိုတစ်ယောက် ဖေးမနှစ်သိမ့်ကူကြရအောင်နော်။
People 2 People “ပြည်သူမှ ပြည်သူသို့” Read More »
လူမျိုးတုံးသတ်ဖြတ်မှုအတွက် အာဂျင်တီးနား တရားရုံး၏ ဖမ်းဝရမ်းထုတ်ပြန်ချက်အပေါ် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့၏ သဘောထားထုတ်ပြန်ချက်
အမှတ်စဉ်။ ။ ၄ /၂၀၂၅ မတ်လ (၉) ရက်၊ ၂၀၂၅ခုနှစ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံရှိ ဖက်ဒရယ်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးမှ မြန်မာနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် လူပုဂ္ဂိုလ် ၂၃ ဦး နှင့် အရပ်ဘက် အစိုးရ ခေါင်းဆောင် လူပုဂ္ဂိုလ် ၂ ဦးအား ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားစီရင်နိုင်ရေး ဖမ်းဝရမ်း ထုတ်ခဲ့သည့်အပေါ် ဘက်မလိုက်သော တရားမျှတမှုရရှိရေးအတွက် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ အနေဖြင့် ကြိုဆိုပါသည်။ မြန်မာနိုင်ငံတွင် ၁၉၇၈ ခုနှစ်ကတည်းက စတင်ခဲ့သည့် ရိုဟင်ဂျာ လူမျိုးများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်