ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) သို့ ပေးပို့သည့် ပူးတွဲအိတ်ဖွင့်ပေးစာအား ယနေ့တွင်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်းကို အသိပေးအပ်ပါသည်
ဤအိတ်ဖွင့်ပေးစာတွင် ပါဝင်ထောက်ခံခဲ့သော ဆရာ၊ ဆရာမတို့၏ အဖွဲ့အစည်းများအားလုံးကို ထပ်မံ၍ ကျေးဇူးအများကြီးတင်ရှိပါသည်။ ဆရာ၊ ဆရာမတို့၏ သွေးစည်းညီညွတ်မှုဖြင့် အဖွဲ့အစည်းအပေါင်း ၁၂၁ ဖွဲ့မှ ပါဝင်ထောက်ခံခဲ့ကြပြီး UNHRC ကို အောက်ပါအချက်များအား စုစုစည်းစည်းဖြင့် တောင်းဆိုခဲ့ကြပါသည် –
• စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်သော အစီအစဉ်များ မှန်သမျှကို ခြွင်းချက်မရှိ ငြင်းပယ်ရန်
• မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်
• ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့်ပိတ်ပင်ခြင်းနှင့် လောင်စာဆီအား ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများဆောင်ရွက်ပေးရန်၊ နှင့်
• စစ်အုပ်စု၏ ကြမ်းကြုတ်ရစ်ဆက် ကျူးလွန်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရရှိစေရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် တရားမျှတမှုကိုဖော်ဆောင်ပေးရန် တို့ဖြစ်သည်။
အိတ်ဖွင့်ပေးစာအား download ရယူရန်
မြန်မဘာသာ – [ https://bit.ly/3QssodG ]
အင်္ဂလိပ်ဘာသာ – [ https://rb.gy/i93d5h ]








![[သတင်းထုတ်ပြန်ချက်] ရာဇဝတ်ဂိုဏ်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတကာမှ ဆက်လက်ပံ့ပိုးနေသဖြင့် နေ့စဉ် ရှင်သန် ရပ်တည်ရန် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်နေ](https://bmcmyanmar.com/wp-content/uploads/2025/01/Close-the-sky-cover-212x300.jpeg)
![[ကြေညာချက်] Airbus ရှယ်ယာရှင်များ ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့ အနေဖြင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုခြင်းဖြင့် AVIC မှ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုထံသို့ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများကို ရပ်တန့်ရန် (သို့) AVIC မှ နှုတ်ထွက်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။](https://bmcmyanmar.com/wp-content/uploads/2025/07/Pg1-2-212x300.jpg)