[သတင်းထုတ်ပြန်ချက်​​​​​​​​​] တရုတ် အစိုးရပိုင် Aviation Industry Corporation of China (AVIC) ကုမ္ပဏီက မြန်မာစစ်အုပ်စုကို စစ်လေယာဉ်များနှင့် ဆက်စပ် ပစ္စည်းများ လွှဲပြောင်း ရောင်းချနေမှုကို ရပ်တန့်စေရန် တာဝန်ရှိသော နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့အား ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ တိုက်တွန်း တောင်းဆို

အမှတ်စဉ်။ ​။ ၃/ ၂၀၂၅ ​​​​​​​​​​​

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။

​​​​ ​​​​​

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ၃၆၁ ဖွဲ့က Airbus ရုံးအခြေစိုက် နယ်သာလန် အစိုးရအနေဖြင့် ရာဇဝတ်ဂိုဏ်း မြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် ဆက်စပ်ပစ္စည်းများဆက်လက်လွှဲပြောင်းပေးနေသည့် AVIC နှင့် စီးပွားဆက်ဆံနေသောAirbus လုပ်ငန်းများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုသော အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင်လည်း ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ၃၄၃ ဖွဲ့က Airbus ရှယ်ယာရှင်များ ဖြစ်သော ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့ကို ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုပြီး AVIC မှ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုထံသို့ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများကို ရပ်တန့်ရန် (သို့) AVIC မှ နှုတ်ထွက်ရန် တိုက်တွန်း တောင်းဆိုသော အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းရန် ကြိုးပမ်းမှုပြီးနောက် အချိန် (၄) နှစ် အတွင်း စစ်အုပ်စုသည် ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသော ဆိုးရွားပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ အပြစ်ပေးခံရခြင်း စိုးစဉ်းမျှမရှိဘဲဆက်လက် ကျူးလွန်လျက်ရှိသည်။ ထို အကြမ်းဖက် စစ်ဆင်ရေးကိုလုပ်ဆောင်နေနိုင်သည်မှာ စစ်အုပ်စုက တိုက်ခိုက်ရေး လေယာဉ်များနှင့် ဆက်စပ် ထိန်းသိမ်းပြုပြင် မွမ်းမံရေးဆိုင်ရာ နည်းပညာအကူအညီများအပါအဝင် စစ်လက်နက်များကို ဆက်လက်ရရှိနေခြင်းကြောင့်သာ ဖြစ်သည်။

Aviation Industry Corporation of China (AVIC) သည် မြန်မာစစ်အုပ်စုကို စစ်လေယာဉ်များနှင့် အစိတ်အပိုင်းများ ရောင်းချနေခြင်းနှင့် ပြုပြင်ထိန်းသိမ်း မွမ်းမံရေးဝန်ဆောင်မှုများ ပေးနေသည့် ကုမ္ပဏီ ဖြစ်ပါသည်။

Airbus ကုမ္ပဏီသည် နယ်သာလန်နိုင်ငံတွင် ဥပဒေအရ ရုံးချုပ် အခြေစိုက် တည်ရှိနေသလို ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတို့သည်လည်း ရှယ်ယာရှင်များအဖြစ် ပါဝင်နေပြီး AVIC ကုမ္ပဏီနှင့် နည်းပညာသာမက စီးပွားရေးအရပါ ပူးပေါင်းလုပ်ဆောင်နေသော အဓိကရင်းနှီးမြှုပ်နှံသူနှင့် မိတ်ဖက်ကုမ္ပဏီဖြစ်ပါသည်။ AVIC ၏ အုပ်စုခွဲ AviChina ကုမ္ပဏီနှင့် Airbus ကုမ္ပဏီတို့ ပူးပေါင်း၍ K8 လေ့ကျင့်ရေးလေယာဉ်နှင့် Y-12 ဘက်စုံသုံးလေယာဉ်များ ထုတ်လုပ်လျက်ရှိပြီး စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ရာတွင် ထိုလေယာဉ်များကို မကြာခဏဆိုသလို အသုံးပြုလျက်ရှိပါသည်။

မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂမှ စစ်လက်နက်ရောင်းချရေး ပိတ်ပင်ဒဏ်ခတ်မှု ခံထားရပြီး Airbus ကုမ္ပဏီ အနေဖြင့် ယခုကဲ့သို့ စစ်အုပ်စုမှ စစ်ရာဇဝတ်မှုများကျူးလွန်နိုင်ရန် အဓိက ကူညီထောက်ပံ့ပေးနေသော AVIC ကုမ္ပဏီအား နည်းပညာနှင့် ဘဏ္ဍာရေး ထောက်ပံ့မှုများသည် ဥရောပသမဂ္ဂမှ ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ရုံမျှမက စစ်ရာဇဝတ်မှုများတွင်ပါ သွယ်ဝိုက်၍ ပါဝင် ပတ်သက် ထောက်ပံ့ပေးနေခြင်းဖြစ်ပါသည်။ Airbus ကုမ္ပဏီသည် AviChinaတွင် ရှယ်ယာများ ပိုင်ဆိုင်ထားခြင်းဖြင့် နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရများအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသည့် စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး ပြဌာန်းချက်ကိုချိုးဖောက်ရာ ရောက်နေသည်။

အထူးသဖြင့် နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့အား

၁) AVIC နှင့် မြန်မာစစ်အုပ်စုတို့၏ စီးပွားရေးကို ရပ်တန့်ရန်အတွက် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုခြင်းဖြင့် Airbus ကုမ္ပဏီအား နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့်အညီဆောင်ရွက်စေရန်။

၂) မြန်မာနိုင်ငံသို့ AVIC လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများ ဆက်လက် ရှိနေပါက Airbus ကုမ္ပဏီအနေဖြင့် AviChina မှ ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းပြီး၊ AVIC နှင့် ၎င်းတို့၏ စီးပွားရေးဆက်ဆံမှုကို အဆုံးသတ်စေရန်။

တို့ကို တောင်းဆိုလိုက်ပါသည်။

Blood Money Campaign ( သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု) အဖွဲ့ ၏ ပြောရေးဆိုခွင့် ရှိသူ မူလန် က

“AVIC တရုတ်အစိုးရပိုင် ကုမ္ပဏီဟာ မြန်မာပြည်ကို ကိုယ်တိုင်လာပြီးလေယာဉ်ဗုံးကြဲ တိုက်ခိုက်မှု မလုပ်သေးတာဘဲ ရှိတာပါ။ စစ်အုပ်စု ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နိုင်ဖို့ လိုအပ်တဲ့ လေယာဉ်၊ လက်နက်၊ နည်းပညာ အားလုံးကို AVIC က တိုက်ရိုက် ရောင်းချ ပေးပို့ ထောက်ပံ့နေတာပါ။

AVIC အဲ့လို ထောက်ပံ့နိုင်ဖို့ အဓိက အနောက်မှာ ဥရောပ အာကာသလေကြောင်း Airbus ကုမ္ပဏီ ရှိနေပါတယ်။ Airbus ကုမ္ပဏီဟာ AVIC ရဲ့ အဓိကရင်းနှီးမြှုပ်နှံသူနှင့် မိတ်ဖက်ကုမ္ပဏီ ဖြစ်ပါတယ်။

သူက AVIC ကို နည်းပညာနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေပေးနေပြီး AVIC ကုမ္ပဏီခွဲ AviChina မှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားပြန်တယ်။ ဒါဟာ စစ်ရာဇဝတ်မှုကို ထောက်ပံ့နေတာဖြစ်ပြီး ကျူးလွန်မှုမှာ ပါဝင် ပတ်သက်နေတာပါ။

ဒါ့အပြင် Airbus ဟာ အီးယူရဲ့ မြန်မာနိုင်ငံအပေါ် စစ်လက်နက် ရောင်းချမှု ပိတ်ပင်ရေး ပြဌာန်းချက် ကို လည်း ချိုးဖောက်ရာ ရောက်နေပါတယ်။ Airbus အနေနဲ့ သူရဲ့ ဩဇာလွှမ်းမိုးနိုင်မှုကို သုံးပြီး AVIC က စစ်အုပ်စုထံ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများကို ရပ်တန့်ရပါမယ် ဒါမှမဟုတ်ရင် AVIC ကနေ နှုတ်ထွက် ရပါမယ်။ ” ဟု ပြောသည်။

အိတ်ဖွင့်ပေးစာများကို မြန်မာ ဘာသာဖြင့် ဖော်ပြပါ drive link များတွင် ရယူနိုင်ပါသည်။

၁။ နယ်သာလန် အစိုးရသို့ အိတ်ဖွင့်ပေးစာ – ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။

https://drive.google.com/file/d/10KRvR5iX7Bq3lxu6nUtvWzWPG3jPhqpq/edit?fbclid=IwY2xjawLgWe1leHRuA2FlbQIxMABicmlkETFpVFVqNWNudkJRZ04zSE5vAR5l1gPRhuhekOOiRXQ7hjLCrBWJ_V7skGUNQJdEY_l43mTOXMrzwW-rUvNgnQ_aem_uGAeKXmWXeRwIReE4PLaTA

၂။ ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရများ သို့ အိတ်ဖွင့်ပေးစာ – ဇန်နဝါရီ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။

https://drive.google.com/file/d/1QGO5BTauqfNWRmvSTIRNJpOXBBCWWiic/view?fbclid=IwY2xjawLgWgpleHRuA2FlbQIxMABicmlkETFpVFVqNWNudkJRZ04zSE5vAR41fdMWrljkUnqAkB2H6YWS06NUDlUdSPMiV21AsOEkWj4ZtGeuxqmUISMk1g_aem_TQofp9kFDwrvWR7bFyuubA

၃။ Airbus စီအီးအိုထံ အိတ်ဖွင့်ပေးစာ – ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။

https://drive.google.com/file/d/1-mzqi_-aAI9Sh51gVKIOv3BiKtHI76C3/view?fbclid=IwY2xjawLgWh1leHRuA2FlbQIxMABicmlkETFpVFVqNWNudkJRZ04zSE5vAR6DQ4oLjLk-5X3AThDwRNaW6bOURtizSATM1gcSMHri4fAT2uwQSIrjfobxEw_aem_7xbA2CTCdqadiSx-zJ7rmg

သတင်းထုတ်ပြန်ချက်​​​​​​​​​ အပြည့်အစုံကို ယခု link – https://drive.google.com/file/d/10fak-7WXF_IbE-9i5bYFJMULxJPuaQGZ/view?usp=drive_link တွင် ဒေါင်းလုဒ် ရယူနိုင်ပါသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု

[email protected]

#Airstrikes #WhatsHappeningInMyanmar

#Airbus #Airbusted #AirBus2AirStrikes #AVIC

#Germany #Spain #France #Netherlands

#BloodMoneyCampaignMM

Scroll to Top