(၁ မေ၊ ၂၀၂၅)
(၁) ယနေ့မေလ ၁ ရက်နေ့သည် မေဒေးဟုခေါ်တွင်သည့် နိုင်ငံတကာအလုပ်သမားနေ့ဖြစ်သည်။ ရုပ်ဝတ္တုဖွံ့ဖြိုးသည့်ကမ္ဘာကြီးအား ယခုတွေ့မြင်နေရသည့်အတိုင်း ထူထောင်ခဲ့ကြသလို၊ နိုင်ငံတကာတော်လှန်ရေးများနှင့် ယခုတကျော့ပြန်တော်လှန်ရေးတွင်လည်း ရှေ့တန်းမှပါဝင်ခဲ့သည့် ပြည်တွင်း၊ ပြည်ပအလုပ်သမားထုအား မိမိတို့မှချီးကျုးဂုဏ်ပြုပါသည်။
(၂) အလုပ်သမားထုသည် ဖေဖော်ဝါရီ ၆၊ ၂၀၂၁ လှည်းတန်းလှုပ်ရှားမှုအား ဦးဆောင်ခဲ့ သလို ယခုအချိန်အထိ တောင်သူလယ်သမားထု၊ အခြေခံလူတန်းစားထုနှင့်အတူ တော်လှန်ရေး ၏ အခြေခံအင်အားအဖြစ် ရုန်းကန်ပါဝင်လျှက်ရှိသည်။ စစ်အုပ်စုအနေဖြင့် တော်လှန်ရေးအ ခြေခံအင်အားထု၏ ရပ်တည်ရေးပျက်စီးရန်နှင့် လူထုလှုပ်ရှားမှုကြီးများမပေါ်ပေါက်စေရေးအတွက် နည်းမျိုးစုံဖြင့်ကြိုးပမ်းနေပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့အခြေခံအင်အားထု အထွေထွေအကျပ်အတည်းအတွင်း ရပ်တည်ကျားကန်နိုင်ရေးနှင့် လူထုလှုပ်ရှားမှုကြီးများပေါ်ပေါက်ရေးအတွက် အလေးထားလှုပ်ရှားသင့်သည်။
(၃) ယခု လုပ်ဆောင်နေသည့် ပြည်နယ်ယူနစ်ဖွဲ့စည်းပုံရေးဆွဲခြင်းများ၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်ရယူရေးလုပ်ငန်းစဉ်များတွင်လည်း အလုပ်သမားထု၏ အခန်းကဏ္ဍပါဝင်ရေးနှင့် အခြေခံရပိုင်ခွင့်များ ရရှိရေး၊ လူတန်းစားကွာဟာမှုလျှော့ချရေးနှင့် လူမှုဖူလှုံရေးဆိုင်ရာအစီအမံများပါဝင်ရေးတို့အား မဖြစ်မနေထည့်သွင်းရေးဆွဲရန် အကြံပြုပါသည်။
(၄) လာမည့်အနာဂါတ်လူ့အဖွဲ့အစည်းအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူထု၏ လူမှုဖူလုံရေး၊ ဖိနှိပ်မှုများရပ်တန့်ရေးနှင့် ပဋိပက္ခများမရှိစေရေး၊ ဒီမိုကရေစီခိုင်မာအားကောင်းရေးများတွင် အလုပ်သမားထု၏ အခန်းကဏ္ဍသည်လည်း အရေးကြီးဆုံးကိစ္စရပ်တခုဖြစ်သည့်အတွက် ထည့်သွင်းစဥ်းစားရမည် ဖြစ်ကြောင်း အလေးအနက်ထားနှိုးဆော်ပါသည်။ မိမိတို့အနေဖြင့် တော်လှန်ရေးအဆက်ဆက်တွင် ရှိခဲ့၊ ရှိနေဆဲဖြစ်သည့် လူမျိုးပေါင်းစုံမှလုပ်သားထုနှင့် တသားတည်းရပ်တည်ကြောင်း ကြေညာရင်း မေဒေးထုတ်ပြန်ချက်အား ထုတ်ပြန်လိုက်သည်။
“အလုပ်သမားထု လွတ်မြောက်ရေးနှင့် လူမျိုးပေါင်းစုံ လူထုလွတ်မြောက်ရေးသည်သာ ခွဲခြားဆက်ဆံမှုကင်းပြီး တရားမျှတသော လူ့အဖွဲ့အစည်းသစ်အားပြဌာန်းနိုင်မည်ဖြစ်သည်။”


#MayDay #IntermationalLaborDay #WhatsHappeningInMyanmar #BloodMoneyCampaignMM
![[သတင်းထုတ်ပြန်ချက်] ရာဇဝတ်ဂိုဏ်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတကာမှ ဆက်လက်ပံ့ပိုးနေသဖြင့် နေ့စဉ် ရှင်သန် ရပ်တည်ရန် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်နေ](https://bmcmyanmar.com/wp-content/uploads/2025/01/Close-the-sky-cover-212x300.jpeg)
![[ကြေညာချက်] Airbus ရှယ်ယာရှင်များ ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့ အနေဖြင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုခြင်းဖြင့် AVIC မှ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုထံသို့ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများကို ရပ်တန့်ရန် (သို့) AVIC မှ နှုတ်ထွက်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။](https://bmcmyanmar.com/wp-content/uploads/2025/07/Pg1-2-212x300.jpg)