အမှတ်စဉ်။ ။ ၉/၂၀၂၅
၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ရက်
လေးစားချစ်ခင်ရပါသော တော်လှန်လူထုနှင့် အဖွဲ့အစည်းများသို့…….
ဥရောပ လေကြောင်း ကုမ္ပဏီ AIRBUS အနေဖြင့် စစ်အုပ်စု၏ အကြမ်းဖက် စစ်ဆင်ရေး လေကြောင်း တိုက်ခိုက်မှုများအတွက် အားထားရာ တရုတ် အစိုးရပိုင် စစ်လက်နက် ကုမ္ပဏီ AviChina မှ ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်လိုက်ခြင်းသည် ပြည်တွင်း၊ ပြည်ပ တော်လှန်လူထု တဦးချင်းစီ နှင့် အဖွဲ့အစည်း ၃၆၁ ဖွဲ့မှ စစ်အုပ်စု၏ ဖိနှိပ် ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ မတရား ဖမ်းဆီး သ_တ်ဖြတ်မှုများကြားမှ ရရာနည်းဖြင့် သွေးစည်းညီညွတ်စွာ ပါဝင်ခဲ့ကြသော #AirBus2AirStrikes ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု၏ အောင်မြင်မှု ရလဒ် တခု ဖြစ်ပါသည်။
တော်လှန်ရေးနှင့် သပိတ် အင်အားစုများ၊ လူ့အခွင့်အရေး နှင့် သုတေသန အဖွဲ့အစည်းများ၊ ကဏ္ဍပေါင်းစုံမှ အရပ်ဘက် အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ လိင်စိတ်ခံယူမှု ကွဲပြားသူများ၊ မသန်စွမ်း၊ ကျောင်းသူ၊ ကျောင်းသား၊ အမျိုးသမီး၊ အလုပ်သမား နှင့် လယ်သမား အစုအဖွဲ့များ၊ အကြမ်းမဖက် အာဏာဖီဆန်သူများ (CDMers)၊ စစ်အုပ်စု ယန္တရား အတွင်းမှ တော်လှန်ရေးတွင် ပါဝင်နေသူများ (တော်လှန် ဖရဲသီးများ)၊ နယ်သာလန်၊ ယူကေ အပါအဝင် နိုင်ငံတကာ အခြေစိုက် မြန်မာပြည်သူများ ၏ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားအားထုတ် လှုပ်ရှားမှုများကြောင့် ရရှိလာသည့် ပြည်သူ့အောင်ပွဲ ဖြစ်ပြီး ဝမ်းသာ ဂုဏ်ယူ ကျေးဇူးအထူးတင်ရှိပါကြောင်း လေးစားစွာဖြင့် နွေဦးတော်လှန်ရေး အောင်ပွဲ တခုအဖြစ် မှတ်တမ်းတင်အပ်ပါသည်။
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ပျက်သုဉ်းရေး နှင့်အတူ စစ်အုပ်စု၏ ငွေကြေး နှင့် လက်နက် ဒေါက်တိုင်များကို ဖြိုဖျက်ရေးတွင် ဆက်လက် ပူးပေါင်းပါဝင်ပေးကြဖို့ နှိုးဆော် တိုက်တွန်းအပ်ပါသည်။
သွေးစည်းညီညွတ်စွာဖြင့်
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့

#AirBus2AirStrikes #Airbusted #AVIC
![[သတင်းထုတ်ပြန်ချက်] ရာဇဝတ်ဂိုဏ်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတကာမှ ဆက်လက်ပံ့ပိုးနေသဖြင့် နေ့စဉ် ရှင်သန် ရပ်တည်ရန် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်နေ](https://bmcmyanmar.com/wp-content/uploads/2025/01/Close-the-sky-cover-212x300.jpeg)
![[ကြေညာချက်] Airbus ရှယ်ယာရှင်များ ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့ အနေဖြင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုခြင်းဖြင့် AVIC မှ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုထံသို့ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများကို ရပ်တန့်ရန် (သို့) AVIC မှ နှုတ်ထွက်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။](https://bmcmyanmar.com/wp-content/uploads/2025/07/Pg1-2-212x300.jpg)