[သတင်းထုတ်ပြန်ချက်] Airbus ရုံးအခြေစိုက် နယ်သာလန် အစိုးရအနေဖြင့် ရာဇဝတ်ဂိုဏ်းမြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ဆက်လက်လွှဲပြောင်းပေးနေသည့် AVIC နှင့် စီးပွါးဆက်ဆံနေသော Airbus လုပ်ငန်းများကို စုံစမ်းစစ်ဆေးပေးရန် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။
၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလ ၅ရက် သို့ ကပ်စပါဗဲဒ်ကပ်၊ နိုင်ငံခြားရေးဝန်ကြီး ဒစ်ခ်ဘဲလ်ယက်စ်၊ စီးပွားရေးဝန်ကြီး အီလ်ကိုဟေနန်၊ ဘဏ္ဍာရေးဝန်ကြီး အကြောင်းအရာ။။ Airbus နှင့် Aviation Industry Corporation of China (AVIC) တို့၏ စီးပွားဆက်ဆံရေးကိစ္စ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းကြိုးပမ်းမှုနောက် အချိန် ၄ နှစ် အတွင်း စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသောဆိုးရွားပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ အပြစ်ပေးခံရခြင်း စိုးစဥ်းမျှမရှိဘဲ ဆက်လက်ကျူးလွန်လျက်ရှိသည်။ အဆိုပါအကြမ်းဖက် စစ်ဆင်ရေးကို လုပ်ဆောင်နေနိုင်ခြင်းမှာ စစ်အုပ်စုက တိုက်ခိုက်ရေးလေယာဉ်များနှင့် ဆက်စပ်ထိန်းသိမ်းပြုပြင် မွမ်းမံရေးဆိုင်ရာ နည်းပညာအကူအညီများအပါအဝင် စစ်လက်နက်များကို ဆက်လက်ရရှိနေခြင်းကြောင့်သာ ဖြစ်သည်။ Aviation Industry Corporation […]