Close the Sky Cartoon (5) (MM)

State’s Obligations (နိုင်ငံများ၏ တာဝန် ဝတ္တရားများ)

၁) နိုင်ငံတကာ ကုမ္ပဏီများမှ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်းနေမှုများကို ရပ်တန့်စေရန်အတွက် သက်ဆိုင်ရာ အစိုးရများက ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုခြင်းဖြင့် အရေးယူ ပိတ်ဆို့မှုများ ချက်ချင်း ချမှတ်ရမည်။

၂) နိုင်ငံတကာအစိုးရများ၊ အထူးသဖြင့် ယူကေအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့လေယာဉ်ဆီ သယ်ယူပို့ဆောင်ရေးတွင်ပါဝင်နေသည့် ဆီတင်သင်္ဘောများနှင့် အခြေခံအဆောက်အအုံများ (ဆိပ်ကမ်းများ၊ ဆီသိုလှောင်ကန်များနှင့် ပိုက်လိုင်းများ) အတွက် ရေကြောင်းအာမခံဝန်ဆောင်မှုပေးနေခြင်းများကို ပိတ်ဆို့ တားဆီးရမည်။

၃) ပြည်တွင်းသို့ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးရေး ကွင်းဆက်တွင် အဓိကပါဝင်နေပြီး စစ်အုပ်စုက ထိန်းချုပ်ထားသော မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) ကို နိုင်ငံတကာအစိုးရများအနေဖြင့် ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့ရမည်။

၄) ၂ဝ၂၄ ခုနှစ် ဧပြီလ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော လေယာဉ်ဆီတင်ပို့၊ ရောင်းချ၊ လွှဲပြောင်းခြင်းများ ရပ်တန့်ရန် အတည်ပြု တောင်းဆိုထားသည့် ဆုံးဖြတ်ချက်အမှတ် (A/HRC/RES/55/20) ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပ သမဂ္ဂ (EU)၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံ အစိုးရများက လိုက်နာ အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။

၅) ဥရောပ သမဂ္ဂ (EU) ၊ အမေရိကန်၊ ယူကေနှင့် ကနေဒါ အစိုးရများသည် ပြည်တွင်း လေယာဉ်ဆီ ကုမ္ပဏီများကို ပိတ်ဆို့ထားသော်လည်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီ ဆက်လက် ရောင်းချနေသည့် နိုင်ငံတကာ ကုမ္ပဏီများ၊ ကြားခံ ပွဲစားနိုင်ငံများ၊ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ ခြေရာခံ စောင့်ကြည့် စစ်ဆေးပြီး ထိရောက်စွာ အရေးယူရမည်။

၆) မြန်မာစစ်အုပ်စု၏ လေယာဉ်ဆီကွင်းဆက်ကို ဖြတ်တောက်ရန် ဥရောပသမဂ္ဂ (EU)၊ အာဆီယံ (ASEAN) နှင့် အမေရိကန်၊ ယူကေ အပါအဝင် နိုင်ငံတကာအစိုးရများသည် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ သင်္ဘောလမ်းကြောင်းများ၊ ဆီသိုလှောင်ရုံများကို စောင့်ကြည့်ရမည်။ ထို့ပြင် နောက်ဆုံးသုံးစွဲသူအတည်ပြုချက် (End-user Certification) ကို တင်းကျပ်စွာ စစ်ဆေးခြင်းဖြင့် လေယာဉ်ဆီလွှဲပြောင်းမှုကို ချက်ချင်း ရပ်တန့်စေရမည်။

၇) တရုတ်အလံတင်သင်္ဘော HUITONG 78၊ ဗီယက်နမ်နိုင်ငံမှ ဆီသိုလှောင်ရေးဆိပ်ကမ်း Hai Linh ကုမ္ပဏီ၊ တရုတ်အစိုးရပိုင် CNOOC (စင်ကာပူ) နှင့် စင်ကာပူအခြေစိုက် Sahara Energy တို့အပြင် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုမြောက်သော လေယာဉ်ဆီကွင်းဆက်တွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံတကာ ကုမ္ပဏီများ အဖွဲ့အစည်းအားလုံးကို ထိရောက်စွာ အရေးယူရမည်ဖြစ်သည်။

Close The Sky — ကောင်းကင်ကြီးကိုပိတ်

Report ကို ဘာသာစကား ၄ မျိုးဖြင့် ဖတ်ရှုနိုင်ပါသည်။

မြန်မာ

https://drive.google.com/file/d/1W1ir2nNLGRoU0-PwtKa8oTauocUx1bbX/view?fbclid=IwY2xjawPVn0VleHRuA2FlbQIxMABicmlkETFlRDZUT1ljY2l1UkFsZEU0c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHpYdO4SGGRo0isO5RD902ZLyEGncDaW78RHtOSwVv-1gImFmhLj-Di2iJVeJ_aem_YypXc0Die3mCSflF-1qz4Q

English

https://drive.google.com/file/d/1JAo2YI_IpBg8HN11jKYTAgOVTQBZyrLS/view?fbclid=IwY2xjawPVn2xleHRuA2FlbQIxMABicmlkETFlRDZUT1ljY2l1UkFsZEU0c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHgoUdiDEdPhxaJPWdt1HgFaV7yoWsxbMtFWc266Kuj1w2Usyqm74Qn0u_vbG_aem_YGF7gFhA5dXdviUZ9JsyAw

Thai

https://drive.google.com/file/d/1njm0vgHeVV_QkSF9NPzM1L20__nL3C1I/view?usp=drive_link&fbclid=IwY2xjawPVn4BleHRuA2FlbQIxMABicmlkETFlRDZUT1ljY2l1UkFsZEU0c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHm28g-5QBQ5y0f7fB1fI6TgBlwFZkr1zu6-Hd_Bn9yOhcJnPipE8xtFpXfOc_aem_RndhLx6qyYUDgQUNm5PNPA

France

https://drive.google.com/file/d/1dvo2iUeK4CWTXZzgZ-KA9e3Caj_yFC3r/view?fbclid=IwY2xjawPVn4xleHRuA2FlbQIxMABicmlkETFlRDZUT1ljY2l1UkFsZEU0c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHs0hixM2l9yFJ57sco-lqc35aAgllWfkURLAKXSuJHYMvhrow3ZJO_eSFIDi_aem_6sNQza7apTz3wb8J02qFNg

Scroll to Top