ဖိလစ်ပိုင်အစိုးရနဲ့ မြန်မာစစ်အုပ်စုတို့ရဲ့ သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း (၉၉) ဖွဲ့က ပြင်းထန်စွာ ရှုတ်ချ

📌 ပူးတွဲထုတ်ပြန်ချက်

ဖိလစ်ပိုင်အစိုးရနဲ့ မြန်မာစစ်အုပ်စုတို့ရဲ့ သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း (၉၉) ဖွဲ့က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။ 📢

၂၀၂၆ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ဖိလစ်ပိုင်နိုင်ငံဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်နေတဲ့အပေါ် ကျွန်ုပ်တို့ အလွန်အမင်း စိုးရိမ်ပူပန်မိပါတယ်

အဓိကတောင်းဆိုချက်များ –

❌ စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရန်။

❌ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန်။

✅ NUG ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများကိုသာ မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ဆက်ဆံရန်။

“မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စတေးပြီး ရရှိလာတဲ့ တည်ငြိမ်ရေးဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေး မဟုတ်ပါဘူး။”

ဒီထုတ်ပြန်ချက်ကို ပြည်သူ့လှုပ်ရှားမှုပလပ်ဖောင်း (Myanmar) မှ ဦးစီးပြီး လုံခြုံရေးအရ အမည်မဖော်ပြနိုင်တဲ့ အဖွဲ့ (၆) ဖွဲ့ အပါအဝင် စုစုပေါင်း အဖွဲ့အစည်း (၉၉) ဖွဲ့က လက်မှတ်ရေးထိုးထားပါတယ်။

[Link to full statement] :

https://drive.google.com/drive/folders/1-16pbGS-Q7bqp3WmjegW-iTx7ug7E_e3?fbclid=IwY2xjawPW71VleHRuA2FlbQIxMABicmlkETEzb1FBMnZvVDhuTU8xMDdGc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHtFdYRXIZdO7Z4LKuYwLif_0vYpcCobPYHehjtcjUtXW7Ds4fXWw4HSjvx3y_aem_RWC5Dn2r6utU7GKf9e-wHA

Scroll to Top