အကူအညီပေးရေးအဖွဲ့အစည်းများအနေဖြင့် ကယ်ဆယ်ရေးအကူအညီများကို စစ်အုပ်စု၏ အမြတ်ထုတ်မှု မရှိစေရေး သေချာစွာ လုပ်ဆောင်ရမည်
၂၀၂၅ ခုနှစ်၊ မတ်လ၊ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးမှု ကြီးမားစွာ ကြုံတွေ့ခံစားနေရသော ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူလူထုများအတွက် အလွန်ပင်ဝမ်းနည်း ကြေကွဲရပါကြောင်း မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၆၅ ဖွဲ့တို့မှ ထုတ်ဖော်ပြသအပ်ပါသည်။
မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ဆောင်မှုများ မြင့်တက်လာနေချိန်တွင် နောက်ထပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရခြင်းဖြစ်ရာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရင်းအမြစ်များကို ချက်ခြင်းစုစည်းပြီး ငလျင်လှုပ်ခတ်မှု၏ဒဏ်ကြောင့် ထိခိုက်ခံစားရသော အသက်ရှင်ကျန်ရစ်သူများနှင့် လူမှုအသိုင်းအဝိုင်းများထံသို့ အရေးပေါ်အကူအညီများ တိုက်ရိုက်ပေးပို့ရမည်။
ထိုသို့လုပ်ဆောင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (Ethnic Resistance Organizations – EROs)၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံလူထုအခြေပြု အဖွဲ့အစည်းများ နှင့် မြေပြင်ရှိကယ်ဆယ်ရေးလုပ်ဆောင်နေသူများမှတစ်ဆင့် ပေးပို့လုပ်ဆောင်ရမည်။
ထို့အပြင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ကြိုးပမ်းလုပ်ဆောင်မှုများသည် မည်သည့်မိတ်ဖက်အဖွဲ့များ မှတစ်ဆင့် လုပ်ဆောင်သည်ဖြစ်စေ စစ်အုပ်စုမှ ၎င်း၏နိုင်ငံရေးနှင့် စစ်ရေးအရ အမြတ်ထုတ်ရန်အတွက် ခေါင်းပုံဖြတ်ခြင်း၊ ခြယ်လှယ်ခြင်း သို့မဟုတ် လက်နက်သဖွယ်အသုံးချခြင်းများ မရှိစေရေး သေချာစွာ ဆောင်ရွက်ရန် မိမိတို့မှ အလေးပေးတိုက်တွန်းလိုက်သည်။
သတင်းထုတ်ပြန်ချက် အပြည့်အစုံကို Download ရယူရန် – https://drive.google.com/file/d/1J_FM18ut1uRw8agLW9zmgsdC8PjIoHh0/view?usp=drive_link










#MyanmarEarthquake #EarthquakeNews #WhatsHappeningInMyanmar #BloodMoneyCampaignMM